ပုလော၊ စက်တင်ဘာလ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင် ဦးဆောင်သော ဌာနဆိုင်ရာ၀န်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့တို့ပူးပေါင်း၍ ယနေ့ နံနက် ၇ နာရီခန့်က ပလမြို့အ၀င်စစ်ဆေးရေးဂိတ်တွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိ ပညာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၀င်များက ပူးပေါင်း၍ ကျန်းမာ ရေးစစ်ဆေးပေးသည့်ဂိတ်တွင် တာ၀န်ကျကျန်းမာရေး၀န်ထမ်းများ၊ ရဲတပ်ဖွဲ့၀င်များ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ဌာနဆိုင်ရာ တာ၀န်ရှိသူများမှ အဝေးပြေးယာဉ်လိုင်းများ၊ အိမ်စီးယာဉ်ငယ်များ၊ မော်တော်ဆိုင်ကယ်များဖြင့် ဖြတ်သန်းသွားလာနေကြသည့် ခရီးသွားပြည်သူများကို ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်း၊ လက်ကို မကြာခဏ သန့်ရှင်းစင်ကြယ်စွာ ဆေးကြောရန် အစရှိသည့် ကျန်းမာရေးအသိပညာပေးခြင်း ၊နှာခေါင်းစည်းများ တပ်ဆင်ခြင်းမရှိပါက ချက်ချင်း၀ယ်ယူတပ်ဆင်စေခြင်း၊ တိုင်းပြင်ပမှ တိုင်းအတွင်း၀င်ရောက်လာသည့် ခရီးသွားပြည်သူများအား ခရီးသွားထောက်ခံချက်စစ်ဆေးခြင်း စသည့်လုပ်ငန်းများကို အရှိန်အဟုန်မြှင့် နေ့စဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အေးအေးမော် (ပုလော −ပြန်/ဆက်)