ပေါင် စက်တင်ဘာ ၁၆
ပေါင်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီကို လှူဒါန်းထားသည့် Mask ခုနှစ်သောင်းကို ကျန်းမာရေးဌာန၊ ပြည်သူလူထုများနှင့် CBFQ စခန်းများတွင် အသုံးပြု သွားမည်ဖြစ်ကြောင်း သိရသည်။
ငွေကျပ် (၃၁)သိန်းခန့်တန်းဖိုရှိသည့် Mask (၇၀၀၀၀) ကို ဒေသခံအလှူရှင်နှင့် ရန်ကုန်မြို့မှ အလှူရှင် ၃ ဦးတို့မှ စုပေါင်း လှူဒါန်းထားခြင်းဖြစ်သည်။ “လှူဒါန်ထားတဲ့ Mask တွေကို ကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ ကျန်းမာရေးဌာနမှာအသုံးပြုဖို့ အတွက် အဲဒီထဲက Mask အခုရေ (၁၈၀၀၀)ကို မြို့နယ်ဆရာဝန်ကြီးကို လွှဲပြောင်းပေးတယ်။ ဒီလဝက် အစည်းအဝေးမှာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေကို သက်ဆိုင်ရာရပ်ကွက်ကျေးရွာအုပ်စု တွေမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေပေးနိုင်ဖို့ ဆောင်ရွက်သွားမှာပါ။ နောက်တစ်ခုက ဒီမှာ ဖွင့်လှစ် ထားတဲ့ CBFQ များအသုံးပြုဖို့ ထားရှိပါတယ်။” ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က ဆိုသည်။
ဒါ့အပြင် လူမှုကူညီရေးအသင်းအဖွဲ့များနှင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများကိုလည်း ဝန်ထမ်း အင်အားအပေါ်မူတည်ပြီး ပြန်လည်မျှဝေပေးခဲ့တယ်လို့ ၎င်းက ဆက်လက် ပြောသည်။
အဆိုပါအလှူရှင်များမှ ရပ်ကွက်ကျေးရွာများရှိ ပြည်သူများအနေဖြင့် Mask များကို ကျယ်ကျယ် ပြန့်ပြန့်အသုံးပြုနိုင်စေရေးအတွက် နောက်ထပ် Mask သုံးသောင်းကို ဖြန့်ဝေပေးရန် (ဘစိုး) နာရေးကူညီမှုအသင်းထံသို့ လွဲပြောင်းပေးအပ်ထားကြောင်း သိရသည်။
ပေါင်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီကို စေတနာ့ အလှူရှင်များမှ ငွေသားများ၊ Face Shield များနှင့် Mask များကို လာရောက် လှူဒါန်း ပေးမှုများ ရှိကြောင်း သိရသည်။
ဝင်းမင်းသန်း(ပြန်/ဆက်)