ရွှေတောင် စက်တင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ တရုတ်မှော်အုပ်စု၊ သာစည်ကျေးရွာတွင် ယခုလ(၈) ရက်နေ့က ကမ်းပြိုနေအိမ်(၅)လုံးရှိ အိမ်ထောင်စု(၅)စု လူဦးရေ(၁၆)ဦးတို့အတွက် ယမန်နေ့နံနက်ပိုင်း က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ထောက်ပံ့ငွေများ သွားရောက် ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကမ်းပြိုဘေးသင့်နေအိမ် (၅)လုံးရှိ အိမ်ထောင်စု (၅)စုတို့အတွက် အိမ်ထောင်စု တစ်စုလျှင် အိမ်ဆောက်ပစ္စည်းဖိုး (၁)သိန်းကျပ်နှုန်းဖြင့် စုစုပေါင်းတန်ဖိုးငွေ (၅)သိန်းနှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၀)မျိုး လူဦးရေ(၁၆)ဦးအတွက်တစ်ဦးလျှင်ဆန်ရိက္ခာဖိုး (၂,၁၀၀)ကျပ်နှုန်းဖြင့်(၃၃,၆၀၀)ကျပ် အား ကမ်းပြို ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)