ဘောဂလိ၊ စက်တင်ဘာ ၁၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် အရှိန်အဟုန်မြင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း၌ ဘောဂလိမြို့၊ သပြေညွှန့် ကျေးရွာအဝင်တွင် ကိုဗစ်-၁၉ရောဂါ အသိပညာပေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ် - ၁၉ ရောဂါ အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး၊ သပြေညွှန့်နယ်မြေခံရဲစခန်းမှတာဝန်ရှိသူများ၊ မီးသတ်ဌာန၊ ကျန်းမာရေးဌာနနှင့် ဆယ်အိမ်မှူး၊ ရာအိမ်မှုးများကပူးပေါင်း၍ ခရီးသွားလာသည့်ပြည်သူများ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက် ပါ/မပါ၊ Mask တပ်ဆင်ခြင်း ရှိ/မရှိနှင့် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ခရီးသွားလာသူများ၏ နေရပ်လိပ်စာမှတ်တမ်းများရယူခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နီလာအေး(ပြန်/ဆက်)