မင်းတုန်းမြို့နယ်တွင် မိုးလယ်နေကြာနှင့် ဆောင်းနေကြာ တိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူများအား အသိပညာပေး ဆွေးနွေး

မင်းတုန်း စက်တင်ဘာ ၂၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် ဆီထွက်သီးနှံနေကြာ မိုးလယ် နေကြာနှင့် ဆောင်းနေကြာ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက်  ပေါက်ကိုင်းအုပ်စု၊ ကူဖြူအုပ်စုနှင့်  ကန်လည်ကျေးရွာ အုပ်စုများသို့ ယနေ့နံနက် ၇ နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် လယ်ယာမြေစီမံခန့်ခွဲ့ရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ ကွင်းဆင်း၍ တောင်သူများအား အသိပညာပေး ဆွေးနွေး ခဲ့ကြသည်။

ထိုသို့ဆွေးနွေးရာတွင် မြို့နယ်စီမံဥက္ကဋ္ဌမှ အဖွင့်စကားပြောကြားပြီး ဆီထွက်သီးနှံ‌ နေကြာ တိုးချဲ့စိုက်ပျိုးကြရန်နှင့် ကိုဗစ်-၁၉‌ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံနေကြာ စိုက်ပျိုးခြင်းဖြစ်၍ ဈေးကွက်အာမခံချက်ရှိကြောင်း လိုအပ်သော မျိုးစေ့၊ ဓါတ်မြေဩဇာနှင့် စိုက်ပျိုးနည်းပညာများ ပံ့ပိုးပေးမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

မြို့နယ်(ပြန်/ဆက်)