သရက်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

သရက် စက်တင်ဘာ  ၂၀

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဌာနဆိုင်ရာများအနေဖြင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန်၊ ၂၀၂၂-၂၀၂၃ ခုနှစ်တွင်  ဆောင်းနေကြာဆီထွက်သီးနှံအား လျာထားဧကများတွင် အောင်မြင်စွာ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန်၊ MRTV မှ Documentary ရိုက်ကူးမည့် သက်ဆိုင်ရာဌာနဆိုင်ရာများအနေဖြင့် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိရန်နှင့်  စနေနေ့တိုင်း သန့်ရှင်းရေးပြုလုပ်ရာတွင် ဌာနဆိုင်ရာများ ပူးပေါင်း ပါဝင်ဆောင်ရွက်ရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ အစည်းအဝေး တက်ရောက်သည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ကိုဗစ်-၁၉ ဆေးထိုးနှံပေးမှုအခြေအနေ၊ ရောဂါ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ နေကြာစိုက်ပျိုးမှုအခြေအနေများ၊ မဲစာရင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)