ကန်ကြီးထောင့် စက်တင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ကျိုက်လတ်ကျေးရွာအခြေခံပညာ အထက်တန်း ကျောင်း၌ ယနေ့ နံနက် ၁၀ နာရီအချိန်က အသိပညာပေးဟောပြောပွဲ ကျင်းပကြသည်။
အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူး ခင်မောင်ဌေးမှ မော်တော်ဆိုင်ကယ်စီးနင်းပါက ဆိုင်ကယ်စီး ဦးထုပ် ဆောင်း၍ မေးသိုင်းကြိုးတပ်ဆင် စီးနင်းရန်၊ နှစ်ဦးထက်ပို၍ စီးနင်းခြင်းမပြုရန်၊ သတ်မှတ်မိုင်နှုန်းအတိုင်း မောင်းနှင်ရေး၊ ပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများလိုက်နာရမည့် ဆောင်ရန်၊ ရှောင်ရန်အချက် များ၊ လိုက်နာဆောင်ရွက်မှုမရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး ဟောပြောပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
မဇင် (ပြန်/ဆက်)