ကန့်ဘလူခရိုင် စုပေါင်းရုံး ရွှေဆည်မြိုင်ခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကန့်ဘလူ စက်တင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် စုပေါင်းရုံး ရွှေဆည်မြိုင်ခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၄/၂၀၂၂)ကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပရာ ခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးရွှေအောင်က ယခုအခါ ကိုဗစ်-၁၉ ရောဂါ ပြန်လည်ဖြစ်ပွားလာ လျက်ရှိရာ မိမိတို့ခရိုင်အတွင်း ဖြစ်ပွားလာမှုမရှိစေရေးအတွက် မြို့နယ်ကိုဗစ်ကော်မတီများနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိရေး အသိပညာပေးနိုးဆော်ခြင်း၊ Mask Campaign များ ဆောင်ရွက်ကြရန်၊ Quarantine စင် တာများ၊ ကုသရေးစင်တာများ၊ အောက်ဆီဂျင်စက်ရုံ လည်ပတ်နိုင်ရေးနှင့် အောက်ဆီဂျင်အိုးများ စုဆောင်းထားရှိရန်၊ ကာကွယ်ဆေးထိုးနှံမှု ရာခိုင်နှုန်းတိုးလာရေးနှင့် ဆေးလိုအပ်ချက်များရှိပါက အချိန်မီတင်ပြကြရန်တို့ကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးများက မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပြင်ဆင်ထားရှိမှုများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုအခြေအနေများ၊ Quarantine စင်တာ၊ ကုသရေးစင်တာ ပြင်ဆင်ထားရှိမှု အခြေအနေများကို တင်ပြကြရာ တင်ပြချက်များနှင့်စပ်လျဉ်း၍ ခရိုင်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌက ပေါင်းစပ်ညှိုနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)