ရေကြည် စက်တင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျ မောင်းနှင်နိုင်စေရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိ သူများ ပူးပေါင်း၍ ပုသိမ်-မုံရွာကားလမ်းမ မြို့အဝင်တို့တွင် ယမန်နေ့ နံနက် (၉) နာရီအချိန်က ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ရေကြည်မြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းဝေးစေရေး၊ ယာဉ်တိုက်မှု၊ လျော့နည်းကျဆင်းပ ပျောက်စေရေး အတွက် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်မောင်းနှင်သူများအား ယာဉ်များ မောင်းနှင်ရာတွင် ခါးပတ်ပတ် ပြီး မောင်းနှင်ရန်၊ မော်တော်ဆိုင်ကယ်မောင်းနှင်ရာတွင်လည်း ဆိုင်ကယ်ဦးထုပ်ဆောင်း၍ မေးသိုင်းကြိုး တပ်ဆင်ပြီးမှ မောင်းနှင်ရန်၊ လူသုံးယောက်တင်၍ မစီးရန်၊ ဘက်မှန်တပ်ဆင်ကြရန်၊ ဆိုင်ကယ်လိုင်စင်များ ယူဆောင်လာရန်စသည့် လိုက်နာရမည့် စည်းကမ်းအချက်များ၊ ရှောင်ကြဉ်ရမည့် အချက်များကို အသိပညာပေး ပြောကြားခဲ့ပြီး ဥပဒေနှင့် မလွတ်ကင်းသောပစ္စည်းများ သယ်ဆောင်ခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)