နေရပ်ပြန်မြန်မာသင်္ဘောသားများ ကော့သောင်းမြို့တွင် အသွားအလာကန့်သတ် စောင့်ကြည့်ထားရှိ


ကော့သောင်း၊ စက်တင်ဘာ ၁၆


ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် ဘရာဇီးနိုင်ငံမှ လာရောက်သည့် MV .KORYU-8 သင်္ဘောပေါ်မှ သင်္ဘောသား (၅) ဦး၊ ကိုးရီးယားနိုင်ငံမှလာရောက်သည့် M.V  NYMPH သင်္ဘောပေါ်မှ သင်္ဘောသား (၉) ဦး၊ ဘင်္ဂလာဒေ့နိုင်ငံမှလာရောက်သည့် MT SUPER EASTERN သင်္ဘောပေါ်မှ သင်္ဘောသား (၉) ဦး၊ တရုတ်နိုင်ငံမှလာရောက်သည့် MT EASTERN ONE သင်္ဘောပေါ်မှ သင်္ဘောသား (၇) ဦး၊ အိန္ဒိယနိုင်ငံမှ လာရောက်သည့် MV MELBOURNE SPIRIT သင်္ဘောပေါ်မှ သင်္ဘောသား (၂) ဦး၊ ဘင်္ဂလာဒေ့နိုင်ငံမှ လာရောက်သည့် MV  KOTO ANGGERIK သင်္ဘောပေါ်မှ သင်္ဘောသား (၁၈) ဦး၊ စင်္ကာပူနိုင်ငံမှလာရောက်သည့် MV  HAOYUE သင်္ဘောပေါ်မှ သင်္ဘောသား (၂) ဦး၊ ဘင်္ဂလာဒေ့နိုင်ငံမှလာရောက်သည့် MV MAERSK SONGKHLA သင်္ဘောပေါ်မှ သင်္ဘောသား (၁၃) ဦး၊ စုစုပေါင်းသင်္ဘောရှစ်စီးပေါ်မှ သင်္ဘောသား (၆၅) ဦး Sign off ထွက်လာရာ ယမန်နေ့ ညနေပိုင်းက မြို့မဆိပ်ကမ်းမှတစ်ဆင့် ကော့သောင်းမြို့သို့ဝင်ရောက်လာပြီး Hotel Quarantine ဝင်ရောက်လျက် ရှိကြောင်းသိရသည်။
သင်္ဘောများပေါ်မှ Sign off ထွက်လာသည့် အဆိုပါမြန်မာသင်္ဘောသား (၆၅)ဦးမှာ  ကော့သောင်းမြို့တွင်ကြိုတင်ရောက်ရှိနေသည့် MV .KORYU-8 သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် အင်ဂျင်နီယာဦးစည်သူမင်းလွင်ပါ သင်္ဘောသား (၅)ဦး ၊ M.V  NYMPH သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးငြိမ်းဇော်ဌေးပါ သင်္ဘောသား (၉) ဦး၊ MT SUPER EASTERN သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးဖြိုးကိုကိုပါ  သင်္ဘော သား(၉)ဦး၊  MT EASTERN ONE သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးထွန်းလင်းဟိန်း ပါ  သင်္ဘောသား (၇)ဦး MV MELBOURNE SPIRIT သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးရဲသူရနိုင်ပါ  သင်္ဘောသား (၃)ဦး၊ MV  KOTO ANGGERIK င်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးလှသူပါသင်္ဘောသား (၁၇)ဦး၊ MV MAERSK SONGKHLA သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးဇာနည်ထွေးပါ  င်္ဘောသား (၁၃)ဦး တို့ဖြင့် တာဝန်လွှဲပြောင်းယူခဲ့သူများဖြစ်ပြီး MV  HAOYUE သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် သင်္ဘောသားမရှိကြောင်း သိရသည်။
သင်္ဘောများပေါ်မှ Sign off ထွက်လာသည့် မြန်မာင်္ဘောသား(၆၅)ဦးအား  ဆိပ်ကမ်း၌ တာဝန်ရှိဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့နှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက လိုအပ်သည့်ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ကာ ကော့သောင်းမြို့နှင့်မြိတ်မြို့များတွင် Hotel Quarantine (၂၁)ထားရှိပြီး ၎င်းတို့၏ Swb နမူနာများအား ရန်ကုန်အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနသို့ ပို့ဆောင်ဓာတ်ခွဲစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
 ကျော်စိုး(ကော့သောင်း)