ချောင်းသာ စက်တင်ဘာ ၂၀
နိုင်ငံတစ်ဝန်းလုံး၌ အသက်(၅)နှစ်မှ (၉)နှစ်အတွင်း ကလေးငယ်များအား ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး များ ထိုးနှံပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ် ခရိုင်၊ ချောင်းသာမြို့တွင် အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက အ-မ-က(အောင်မင်္ဂလာကျွန်း)တွင် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ယင်းလုပ်ငန်းများကို ချောင်းသာတိုက်နယ်ကျန်းမာရေးမှ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘ များ ပူးပေါင်းပြီး သတ်မှတ်အသက်ပြည့်ပြီးသူများကို ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။
ဂျပန်ဦးနှောက်ရောင်ရောဂါသည် သွေးလွန်တုပ်ကွေးကဲ့သို့ ခြင်မှတစ်ဆင့် ကူးစက်တတ်သော ဗိုင်းရပ်စ်ရောဂါ တစ်မျိုးဖြစ်ပြီး ဦးနှောက်ရောင်ရမ်းမှုကို ဖြစ်စေနိုင်ခြင်း၊ အသက်အန္တရာယ် စိုးရိမ်ရခြင်းတို့ကြောင့် ဂျပန် ဦးနှောက်ရောင်ရောဂါ ကင်းဝေးစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာစွာ ပညာသင်ကြားနိုင်စေရန် ရည်ရွယ်၍ အသက် ၅ နှစ်မှ ၉ နှစ် အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)