မြောင်းမြ စက်တင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြရွှေဝါခန်းမတွင် ယမန်နေ့ နေ့လယ် ၂ နာရီက ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ ပါဝင်သော အဖွဲ့ (၆)ဖွဲ့ကို (၆)နေရာခွဲ၍ ပြည်သူများ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာစေရေး စစ်ဆေးဆောင်ရွက်ခဲ့ကြရာ စည်းကမ်းနှင့်အညီ မောင်းနှင်ခြင်း မရှိသည့် ယာဉ်ဆိုင်ကယ်များအား အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြောင်းမြမြို့တွင် ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် အသိပညာပေး ပြောကြားခြင်းများကို ပြုလုပ်ခဲ့ပြီးသည် ဖြစ်၍ ယခုအခါ ပညာပေးကာလပြီးဆုံးပြီဖြစ်ပါသဖြင့် စည်းကမ်းနှင့်အညီ လိုက်နာမောင်းနှင်ခြင်း မရှိသည့် ယာဉ်/ ဆိုင်ကယ်များအား ဥပဒေနှင့်အညီ ကြပ်မတ် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြောင်းမြခရိုင် (ပြန်/ဆက်)