သရက် စက်တင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ပရဟိတအဖွဲ့များနှင့် မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အထက(ခွဲ)လ-၃ အခြေခံပညာကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ အသိပညာပေး ဟောပြောခြင်းနှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် Mask Campaign လှုပ်ရှားဆောင်ရွက်ခြင်း၊ အသိပညာပေးနှိုးဆော်ခြင်းများကို ယမန်နေ့ နံနက် ၈ နာရီက ပူးပေါင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောခြင်းနှင့် Mask Campaign ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ နေထိုင်သွားလာကြစေရန်၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်ရန် အထက(ခွဲ)လ-၃ အခြေခံပညာကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးအသိပညာပေး ဟောပြောခြင်း၊ နှာခေါင်းစည်း Mask များကို အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးပိုစတာချိတ်ဆွဲခြင်းများ ဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် သရက်မြို့ အမှတ်(၁) အထက်တန်းကျောင်းရှေ့တွင် ကျောင်းသား၊ ကျောင်းသူများဒေသခံပြည်သူများ၊ ဈေးရောင်း ဈေးဝယ်နှင့် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံကြရန်၊ ထုတ်ပြန်ထားသော စည်းကမ်းချက်များကို လိုက်နာကြရန် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ Mask များ အခမဲ့ဖြန့်ဝေခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် ကိုဗစ်−၁၉ ရောဂါ အသိပညာပေးပိုစတာချိတ်ဆွဲခြင်းများကို ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်