စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်

ကော့သောင်း စက်တင်ဘာလ ၂၀

စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ကော့သောင်းခရိုင်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့မွန်းလွဲပိုင်းက အထက () အေးရိပ်ငြိမ်ကျောင်းတွင် ပြုလုပ်သည်။

ဟောပြောပွဲတွင် ကော့သောင်းခရိုင် ပြန်/ဆက်ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်ဦးက ငယ်ရွယ်သူ ကျောင်းသား၊ ကျောင်းသူများအကြား  စာဖတ်ခြင်းအလေ့အထ ရှင်သန်လာစေရန်နှင့် စာပေမှတစ်ဆင့် အသိဉာဏ်အမျှော်အမြင် ကြွယ်ဝလာကာ အမှားအမှန်ဝေဖန်ပိုင်းခြား တပ်လာခြင်း၊  စာဖတ်သူဦးရေးတိုးပွားလာကာ ဗဟုသုတအကြားအမြင် ကျယ်ပြန့်လာ၍ အနာဂါတ်လူငယ်မျိုးဆက်သစ်များ ကျောင်းပညာအား ဆည်းပူးရင်း ပြင်ပဗဟုသုတ ဖြစ်ဖွယ် များ လေ့လာသိရှိခွင့်ရကြစေရန်အတွက် စာပေဖတ်ရှုရန် တိုက်တွန်းအသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်၍ ကော့သောင်းခရိုင် ပြည်သူ့စာကြည့်တိုက်ရှိ သုတရသ စာအုပ်စာပေများ အား ကျောင်းအားလပ်ချိန်များအတွင်း လာရောက်ငှားရမ်းဖတ်ရှုကြစေရေး တိုက်တွန်းနှိုးဆော် ပြောကြားခဲ့ကြောင်းလည်း သိရသည်။

ကျော်စိုး (ကော့သောင်း)