ကော့ကရိတ် စက်တင်ဘာ ၂၀
ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ခရိုင်ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်းအဖွဲ့သည် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ယာဉ်စည်းကမ်း/ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲများကို ယနေ့နံနက် ၁၀ နာရီက ကော့ကရိတ်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြသည်။
ဟောပြောပွဲတွင် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်မိုးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်က စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အားလပ်ချိန်များတွင် ကျောင်းစာအပြင် ပြင်ပဗဟုသုတ ရရှိမည့်စာပေများဖတ်ရှုရေးတို့ကိုလည်းကောင်း၊ ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးညွန့်ဦးက ယာဉ်များမောင်းနှင်ရာတွင် အသက်(၁၈)နှစ်ပြည့်နှင့် ယာဉ်မောင်းလိုင်စင်ပြုလုပ်၍မောင်းနှင်ကြရေးနှင့် ယာဉ်မောင်းနှင်ရာတွင် သိရှိလိုက်နာရမည့် အချက်များကိုလည်းကောင်း၊ အမှတ်(၇၁)ခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ကော့ကရိတ်) ဒုရဲမှူးအောင်ကိုဦးက မော်တော်ဆိုင်ကယ်/မော်တော်ယာဉ် မောင်းနှင်ရာတွင်လိုက်နာရမည့် အချက်များ၊ ကျခံနိုင်သည့်ပြစ်ဒဏ်ပုဒ်မများ၊ မူးယစ်ဆေးဝါး သုံးစွဲ၍သော်လည်းကောင်း၊ အရက်သေစာသောက်စားမူးယစ်၍သော်လည်းကောင်း မော်တော်ယာဉ်ကို မောင်းနှင်ခြင်းမပြုရေးတို့ကိုလည်းကောင်း စသည်ဖြင့် ယာဉ်စည်းကမ်း/လမ်းစည်းကမ်းဆိုင်ရာ သိကောင်းစရာတို့ကို ဟောပြောခဲ့ကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်/ပြန်ဆက်)