ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးတွင် လူနာများထားရှိရန် သီးသန့်အဆောင်များ ပြင်ဆင်ဆောင်ရွက်

ပြင်ဦးလွင်၊ စက်တင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင်လူနာများထားရှိရန် ယခင် လူနာဆောင်အချို့အား နေရာပြောင်း၍သော်လည်းကောင်း၊ ward များပေါင်း၍ သော်လည်း ကောင်း၊ သီးသန့်အဆောင်များ (Isolation Ward) များအား ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ သီးသန့်အဆောင်များတွင် (၁၀) ဦးဆန့်လူနာဆောင် (Isolation 1) (ယခု Positive လူနာအားအဆောင် (၁) တွင်ထားရှိပါသည်) ၊ (၈) ဦးဆန့်လူနာဆောင် (Isolation 2)၊ (၃၂) ဦးဆန့်လူနာဆောင် (Isolation 3) ၊ စုစုပေါင်း လူနာဆောင် (၃) ဆောင်၊ လူဦးရေ (၅၀) ဦးထားရှိနိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ပြီး နောက်ထပ် လူနာ (၈) ဦးထားရှိနိုင်သော လူနာဆောင် (၁) ဆောင် (Isolation ward 4) အား စတင်ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်ပြီး ကုသရေးအတွက် ကျန်းမာရေးဝန်ထမ်းများအားလုံး တာဝန်ထမ်းဆောင်နေသလို ဆက်စပ်ကိစ္စရပ်များနှင့် contact ရှာဖွေရေးများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ တောက်လျှောက်ရှာဖွေပေးလျက်ရှိပါကြောင်းနှင့် လူနာသတင်းထုတ်ပြန်ရေးနှင့်ပတ်သက်၍ မိမိတို့ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နှင့်တပြေးညီ အသိပေးထုတ်ပြန်လျက်ရှိပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ဇော်မျိုးထိုက် (ပြင်ဦးလွင်)