ရေတာရှည် စက်တင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့််အဖွဲ့သည် ယနေ့နံနက်ပိုင်းက ရေတာရှည်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ကျေးလက်နေပြည်သူများ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေတာရှည်မြို့နယ် ကွင်းကြီးကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာတွင် ဒေသခံပြည်သူများနှင့် ရင်းနှီးစွာတွေ့ဆုံ၍ ဒေသခံပြည်သူများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းနိုင်ရေး ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့သည်။ ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာနေပြည်သူများ သန့်ရှင်းသော သောက်သုံးရေဖူလုံစွာရရှိရေးအတွက် ဆောင်ရွက်ထားရှိသည့် ဆိုလာစနစ်ဖြင့် ရေပေးရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ဇလုပ်ကြီးကျေးရွာ၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် သပြေတန်း-ထန်းကုန်း- ဇလုပ်ကြီးလမ်း (2.413 km×3.66m×175mm)ကျေးရွာချင်းဆက် ကွန်ကရစ်လမ်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပြီး ထန်းကုန်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းတွင် ဆရာ/ဆရာမများဖြင့် တွေ့ဆုံအားပေးစကားပြောကြားကာ ကျောင်း၌လိုအပ်သည်များ အသုံးပြုရန်အတွက် ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်းသိရသည်။
ရေတာရှည်(ပြန်/ဆက်)