မင်းဘူး စက်တင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၌ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မကွေးတပ်နယ်၏ အစီအစဉ်ဖြင့် ဒေသခံပြည်သူများ အခြေခံ စားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းမှ စတင်ကာ မင်းဘူးမြို့ အ.ထ.က (၁) ရှေ့၌ ရောင်းချပေးခဲ့သည်။
ထိုသို့ ရောင်းချရာတွင် ဆီတစ်ပိဿာလျှင် ငွေကျပ် ၅၂၀၀၊ ဆန်တစ်ပြည်လျှင် ငွေကျပ် ၁၅၀၀၊ ဒေသကြက်သား တစ်ပိဿာလျှင် ငွေကျပ် ၉၀၀၀၊ အမဲသား တစ်ပိဿာလျှင် ငွေကျပ် ၁၂၀၀၀၊ ဝက်သား တစ်ပိဿာလျှင် ငွေကျပ် ၁၂၀၀၀၊ အာလူး တစ်ပိဿာလျှင် ငွေကျပ် ၁၀၀၀၊ ကြက်သွန်နီ တစ်ပိဿာလျှင် ငွေကျပ် ၂၈၀၀၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် ငွေကျပ် ၃၈၀၀၊ ကြက်ဥ တစ်လုံးလျှင် ငွေကျပ် ၁၈၀၊ ကုလားပဲ တစ်ပိဿာလျှင် ငွေကျပ် ၃၀၀၀၊ သကြား တစ်ပိဿာလျှင် ငွေကျပ် ၂၄၀၀၊ ငရုတ်သီးမှုန့် တစ်ပိဿာလျှင် ငွေကျပ် ၁၂၂၀၀၊ ငရုတ်သီးစိမ်း တစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀၊ ဆား တစ်ပိဿာ ၁၅၀၀ ကျပ်တို့ဖြင့် စားသောက်ကုန်ပစ္စည်း အမျိုး ၆၀ ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စားသောက်ကုန်ပစ္စည်းများ ရောင်းချမှုကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မကွေးတပ်နယ်၏ အစီအစဉ်ဖြင့် ရောင်းချပေးခဲ့ပြီး ပြင်ပပေါက်ဈေးထက် ၂၀ ရာခိုင်နှုန်း သက်သာစွာဝယ်ယူစားသုံးနိုင်သည့်အပြင် ကျန်ရှိသည့်ရပ်ကွက်နှင့် ကျေးရွာများကိုလည်း ဆက်လက် ရောင်းချပေးသွားမှာဖြစ်ကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)