ကလေးဝ စက်တင်ဘာ ၁၉
ကလေးဝမြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ပြုလုပ်သည့် ကမ္ဘာ့အိုဇုန်းလွှာနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်သည့် အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း(ကလေးဝ) အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၉)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း ကလေးဝမြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သိရှိရသည်။
အခမ်းအနားတွင် ပထမဦးစွာ ကလေးဝမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မိုးအောင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသူများအား ကမ္ဘာအိုဇုန်းလွှာနေ့ ဗွီဒီယိုဖိုင်အားပြသခဲ့ပြီး ကလေးဝမြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှဦးစီးအရာရှိ ဦးရာဇာဝင်းက ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ကြသူများနှင့် တက်ရောက်လာသူများအား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထို့နောက် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက အသီးသီးဆုချီးမြှင့်ပေးခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါစာစီစာကုံးပြိုင်ပွဲကို ကမ္ဘာ့အိုဇုန်းလွှာနေ့ဖြစ်သည့် ယခုလ(၁၆)ရက်နေ့က အခြေခံပညာအထက်တန်းကျောင်းတွင် “အိုဇုန်းလွှာပျက်စီးမှုနှင့် ရာသီဥတုပြောင်းလဲမှုများအကြား ဆက်နွယ်မှုများအကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၇)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းလည်း သိရှိရသည်။
ကိုဇော်(ချင်းတွင်း-မြစ်သာ)