မအူပင် စက်တင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေး အဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ရွှေတောင်မှော်ကျေးရွာ၊ သုသာန်အဝင်လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို ယမန်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို အရှည် ၄၀၀ ပေ၊ အကျယ် ၁၂ ပေ၊ ဒု ၆ လက်မဖြင့် ပံသုရွှေပြည်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိရာ မြို့နယ်စည်ပင် သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအေးသိန်းနှင့် ဝန်ထမ်းများက လမ်းအရည်အသွေး ကောင်းမွန်စေရေးနှင့် အချိန်မီပြီးစီးရေး အတွက်ကြီးကြပ်စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)