ရွှေကျင် စက်တင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏"စာကောင်းပေကောင်းရဲ့ အရသာ"စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သဲစုအောင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ အကျိုးကျေးဇူး၊ ရည်ရွယ်ချက်များနှင့် စာအုပ်၏အမှာစာကိုဖတ်ကြားပြီး (Book Club)အဖွဲ့ဝင် ဦးဇင်သူရိန်ဝင်းက စာအုပ်တွင်ပါရှိသော "စာဖတ်သူတစ်ဦး၏ကိုယ်တွေ့"အခန်းကိုလည်းကောင်း၊ (Women Club)အဖွဲ့ဝင်ဒေါ်ထွေးကြည်က "စာရေးသူ၏အတွေ့အကြုံ" အခန်းကိုလည်းကောင်း၊ စာပေဝါသနာရှင်ဦးရဲမင်းက "စိတ်ထားလှ" အခန်းနှင့် "စေတနာ ကံ" အခန်းများကိုလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြရာ တက်ရောက်လာသူများမှစာအုပ်၏ အနှစ်သာရများနှင့် လေ့လာမှတ်သားစရာများကို ချပြဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ခြင်းဖြင့် စာဖတ်သူများအနေဖြင့် စာရေးဆရာများ၏ အတွေ့အကြုံများ၊ အသိပညာတို့ကို ရရှိစေသည့်အပြင် စာဖတ်ခြင်း၏အကျိုးကျေးဇူးများကိုလည်း ပိုမိုသိရှိနားလည်လာကာ စာဖတ်နှုန်းများ တိုးတက်လာစေရန်ရည်ရွယ်၍ လစဉ်စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)