ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲဆောင်ရွက်

ရှမ်းရွာသစ် စက်တင်ဘာ ၁၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုဆိုင်ရာအသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဇင်မိုးအးက ပြည်သူ များ အသိပညာဗဟုသုတ မြင့်မားစေရေးအတွက် အွန်လိုင်းစနစ်ဖြင့် (Talk Show) ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် အမျိုးသမီးရေးရာအဖွဲ့မှ ဒေါ်နော်ဝင်းစိန်က  အမျိုးသမီးများ၏ အခွင့်အရေးများအကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဖြစ်စဉ်များ၊ အမျိုးသမီးအကြမ်းဖက်မှုဆိုင်ရာ ဥပဒေများအကြောင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့်သိရှိခြင်းဖြင့် အကြမ်းဖက်မှုပပျောက်ရေးလှုပ်ရှားမှုတွင် ပူးပေါင်းပါဝင် ဆောင်ရွက်တတ်စေရန်နှင့် အကြမ်းဖက်မှုပပျောက်စေရေးတို့အတွက် ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်တတ်စေရန် စသည့်အကြောင်းအရာတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေ အသိပညာနှင့် ပြင်ပအသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် ဌာနဆိုင်ရာများနှင့်လူမှုရေး အသင်းအဖွဲ့များကို ဖိတ်ခေါ်၍ အွန်လိုင်းစနစ်ဖြင့် အသိပညာပေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် စီစဉ်ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ဇင်လေး(ပြန်/ဆက်)