ဘုတ်ပြင်း စက်တင်ဘာ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း (Mask)များဝေငှပြီး အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့နံနက်က အောင်မင်္ဂလာရပ်ကွက် ဈေးလမ်းဆုံ၌ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ဆောင်ရွက်ရာတွင် ဘုတ်ပြင်းမြို့နယ်ကိုဗစ် -၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၏ ကြီး ကြပ်မှုဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာက ဦးဆောင်သည့် ဌာနဆိုင်ရာအဖွဲ့ဝင်များသည် လူစည်ကားသည့် ဈေးလမ်းဆုံ၌သွားလာနေကြသည့် မိဘပြည်သူများအား နှာခေါင်းစည်း(mask)တပ်ဆင်၍ သွားလာနိုင်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ (အခမဲ့)ဝေငှခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မြို့မဈေးအတွင်းရှိ ဈေးရောင်း၊ ဈေးဝယ်များအား နှာခေါင်းစည်း (mask)များ တပ်ဆင်အသုံးပြု၍ ရောင်းဝယ်ရေးတို့ကိုပြုလုပ်ကြရန် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (mask)များကို အခမဲ့ ဖြန့်ဝေးပေးခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)