သံတောင်ကြီး စက်တင်ဘာ ၁၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူး သိရှိစေရန်ရည်ရွယ်၍ Book Club၊ Youth Club အဖွဲ့ဝင်များက စာရေးဆရာအောင်စည်ဟိန်း၏ လူနှင့်ပတ်ဝန်းကျင်ဆိုင်ရာ ဆောင်းပါးများစာအုပ်အား ယနေ့နံနက် (၁၀) နာရီအချိန်က သံတောင်ကြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ နော်လော်မူက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကိုရှင်းလင်း ပြောကြားပြီး ဒေါ်ဘေဘီ (Book Club) အဖွဲ့ဝင်က လျှပ်စစ်ကမ္ဘာနှင့်မြန်မာ့လျှပ်စစ်၊ ဆိုလာကမ္ဘာမှပညာရှာနေကြသူများ၊ လူ့ပယောဂနှင့် ပတ်ဝန်းကျင်ဆိုးကျိုးသာဓကများ စသည့်အကြောင်းအရာများအား ဖတ်ကြားဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး နော်အယ်ဝါး (Youth Club) အဖွဲ့ဝင်က စိမ်းလန်းစိုပြည်သောမြို့ပြ ခေတ်ဆီသို့၊ ဆင်တို့၏ အနာဂတ်ကံကြမ္မာ၊ စာဖတ်ရင်းထိပ်တန်းရောက်သည့် တရုတ်နိုင်ငံ စသည့်အ ကြောင်းအရာများ ဖတ်ကြားဆွေးနွေးပြီး တက်ရောက်လာသည့် Book Club ၊ Youth Club အဖွဲ့များက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန် ဖတ်ကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
နော်နော်မူ