ဘုတ်ပြင်းမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု သင်တန်းဆင်းပွဲကျင်းပ

ဘုတ်ပြင်း   စက်တင်ဘာ ၁၉
 

ဘုတ်ပြင်းခရိုင်၊ဘုတ်ပြင်းမြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုသင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးထွန်းဦးကြည်က အမှာစကားပြောကြားပြီး သင်တန်းဆင်း လက်မှတ်များပေးအပ်ခြင်း၊ သင်တန်းနည်းပြများအား အမှတ်တရလက်ဆောင်များပေးအပ်ခြင်းနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် သင်တန်းသူများအား သင်တန်းတွင်လက်တွေ့ပြုလုပ်ထားသည့် လူသုံးကုန်ပစ္စည်း (၁၀) မျိုးတို့ အမှတ် တရပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ သင်တန်းကို ရပ်ကွက်ကျေးရွာများမှ သင်တန်းသူ(၁၁)ဦးတက်ရောက်ခဲ့ကြပြီး Body Shower ပြုလုပ်နည်း၊Shampoo ပြုလုပ်နည်း၊ အဝတ်လျှော်ဆပ်ပြာ ပြုလုပ်နည်း၊ ပန်းကန်ဆေး ဆပ်ပြာပြုလုပ်နည်း၊ ဘက်စုံသုံးဆပ်ပြရည် ပြုလုပ်နည်း၊ ပရုတ်ဆီပြုလုပ်နည်း၊ ဆပ်ပြာခဲအမျိုးမျိုး ပြုလုပ်နည်း၊ဆပ်ပြာအကြည် ပြုလုပ်နည်း၊ဖယောင်းတိုင် ပြုလုပ်နည်းနှင့်PH Levek ပတ်သည့် အကြောင်းအရာများကို သင်တန်းကာလ (၅)ရက်အတွင်း သင်တန်းနည်းပြများက စာတွေ့လက်တွေ့ သင်တန်းပို့ချခဲ့ပြီး သင်တန်းသူများက စတ်ပါဝင်စားစွာလေ့ လာသင်ယူခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းမှ အမျိုးသမီးငယ်များအတွက်အိမ်တွင်း တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် မိသားစုဝင်ငွေရမည်အခွင့်အလမ်းတစ်ရပ် ဖန်တီးသွားနိုင်မည်ဖြစ်ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)