မကွေး စက်တင်ဘာ ၁၇
(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ကြီးမှူး၍ ယနေ့နံနက်(၇)နာရီအချိန်က မကွေးမြို့၊ ဖန်ခါးမြေဘိုးဘွားရိပ်သာတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလင်းထွဋ်က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကြည့်ရှုအားပေးရာတွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလင်းထွဋ်သည် တာဝန်ရှိသူများနှင့်အတူ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင် များနှင့်မိသားစုဝင်များ၊ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့်ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များမှ ဖန်ခါးမြေ ဘိုးဘွားရိပ်သာရှေ့ လမ်းဘေး(ဝဲ၊ယာ)တစ်လျှောက်နှင့် ရိပ်သာဝန်းအတွင်းရှိ ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ မြက်ဖြတ်ခြင်း၊ အမှိုက်များအား စနစ်တကျ အမှိုက်ကားများဖြင့် သိမ်းဆည်း ဆောင်ရွက်နေမှုတို့အား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးမြို့၊ ဖန်ခါးမြေ ဘိုးဘွား ရိပ်သာတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာတွင် တိုင်းဒေသကြီး၊ ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင် (၁၅၀)ဦး၊ မိသားစုဝင်(၅၀)ဦး စုစုပေါင်းအင်းအား (၂၀၀)ခန့်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)