ပွင့်ဖြူမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေး လူထုလှုပ်ရှားမှု Mask Campaign ပြုလုပ်

ပွင့်ဖြူ      စက်တင်ဘာ     ၁၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဗီဇပြောင်း ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှုကင်းဝေးစေရန်နှင့်  ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်သွားနိုင်ရေးအတွက် ပြည်သူလူထု သိရှိလိုက်နာနိုင်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ရေး လူထုလှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်းကို စက်တင်ဘာ ၁၇ ရက် ၊ နံနက် ၈ နာရီက ပွင့်ဖြူမြို့အဝင် ပွင့်ဖြူ - စလင်း - မင်းဘူး သွားကားလမ်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်သူများ နှာခေါင်းစည်းတပ်ဆင်ရေး ပညာပေး Mask Campaign ပြုလုပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့အဝင် ပွင့်ဖြူ - စလင်း - မင်းဘူးသွားကားလမ်းတွင် စုရပ်ပြုလုပ်၍ မြို့တွင်းဖြတ်သန်းသွားလာသော ခရီးသယ်ပို့ဆောင်ရေး မော်တော်ယာဉ်နှင့် ကုန်တင်ယာဉ်ကြီးများ၊ မော်တော်ဆိုင်ကယ် စီးနင်းသွားလာသူများနှင့် ဒေသခံပြည်သူများကို တွေ့ဆုံ၍ ဗီဇပြောင်း ကိုဗစ် - ၁၉ ရောဂါအန္တရာယ် ကူးစက်ပြန့်ပွားမှုမရှိစေရေး နေအိမ်ပြင်ပသို့ မဖြစ်မနေ သွားလာပါက  ပါးစပ်နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ပြီးမှသာ သွားလာကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကြိုတင်ကာကွယ်ရေးဆိုင်ရာလမ်းညွှန်ချက်များကို အလေးထား လိုက်နာဆောင်ရွက်သွားရန်နှင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုအား အကြိမ်ပြည့် မပျက်မကွက် ထိုးနှံမှုအားခံယူကြရန်စသည့် ကိုဗစ် - ၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာအချက်များကို အသိပညာပေးဆွေးနွေးပြောကြားပြီး ပါးစပ်နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေ တပ်ဆင်ပေးခဲ့ကြကြောင်း သိရသည်။  

အဆိုပါ ဗီဇပြောင်း ကိုဗစ် - ၁၉ ရောဂါအန္တရာယ် ကင်းဝေးစေရေးအတွက် ပါးစပ်နှာခေါင်းစည်း တပ်ဆင်သွားလာရေး လူထုလှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်းကို မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် တိုက်ဖျက်နိုင်ရေးအတွက် အပတ်စဉ် ပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်မြတ်ခိုင် ထံမှ သိရသည်။   

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )