ကျွန်းလှ စက်တင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးစပါးလျာထားချက်ထက် ၄၆၀၁ ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျွန်းလှမြိုနယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးစပါး ၂၉၄၉၂ ဧက စိုက်ပျိုးရန်လျားထားပြီး ၃၄၀၉၃ ဧက စိုက်ပျိုးပြီးခြင်းကြောင့် ၄၆၀၁ ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောကြားသည်။
မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်စေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းများက ပိုးမွှားကျရောက်မှုကင်းထောက်ခြင်း၊ သမန်းနိုး အမန်းနိုးပေါင်းထိုးခြင်း၊ မျိုးကွဲနုတ်ပယ်ခြင်း၊ ဓာတ်မြေဩဇာစနစ်တကျသုံးစွဲခြင်း စသည့်စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် မိုးသီးနှံအဖြစ် စပါး ၃၄၀၉၃ ဧက၊ ပဲမျိုးစုံ ၁၆၉၁၂ ဧက၊ ဆီထွက်သီးနှံ ၇၂၇၀ ဧက၊ ဝါ ၄ ဧက၊ အခြားသီးနှံ ၁၆၉၁၅ ဧက၊ နှစ်ရှည်ပင် ၁၅၄၉ ဧက စိုက်ပျိုးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန စာရင်းများအရ သိရသည်။
မျိုးဝင်းညို ကျွန်းလှ