ပုသိမ် စက်တင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်၏လမ်းညွှန်မှုဖြင့် ပုသိမ်ပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း(၈/၂၀၂၂) တက်ရောက်နေသူများအား စားသောက်မှု အဆင်ပြေစေရန် ပုသိမ်ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ စားသုံးသူရေးရာဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆီလုပ်ငန်းရှင်များအသင်းတို့နှင့်ပေါင်းစပ်၍ ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ ဆန်၊ ဆီ၊ ဆား၊ ကြက်ဥစသော စားသောက်ကုန်ပစ္စည်းများကို ချိုသာသောစျေးနှုန်းဖြင့်ရောင်းချပေးခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းတွင် သင်တန်းသား (၂၀၅)ဦး၊ သင်တန်းသူ(၈၄၄)ဦး စုစုပေါင်း(၁၀၄၉)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းသား/သူများအား အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်တစ်ပြည်လျှင် ၁၅၀၀/-ကျပ်၊ စားဆီ ၅၀ ကျပ်သားတစ်ဗူးလျှင်၂၅၀၀/-ကျပ်၊ ဆား(၅၀)သား တစ်ထုတ်(၁၅၀)ကျပ်နှင့် ကြက်ဥ ၁၀ လုံး လျှင် ၁၇၅၀/-ကျပ် နှုန်းဖြင့် ဆန် (၁၅)အိတ်၊ ဆီ(၁၁၀)ပိဿာ၊ ဆား(၅၀)ပိဿာနှင့် ကြက်ဥ(၁၀၀၀)လုံး တို့အား ကာလပေါက်စျေးထက် စျေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်းသတင်းရရှိသည်။
မြင့်ဟန်