မြိုင်မြို့တွင် ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကူးစက်မှုမရှိစေရေးနှင့် ရောဂါကာ ကွယ်ထိန်းချုပ်နိုင်ရန်အတွက် Mask Campaign ပြုလုပ်

မြိုင်  စက်တင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကူးစက်မှုမရှိစေရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ထွေးချစ် ဦးဆောင်မှုဖြင့် ယမန်နေ့ နံနက် ၈ နာရီအချိန်က စည်ပင်သာယာဈေးနှင့် ယာယီဈေးတို့တွင် Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့  Mask Campaign ပြုလုပ်ရာတွင် ဒေသခံခရီးသွားများနှင့် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်များနှင့်အညီ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဆင်စေရန်၊  ပြည်သူများ နေအိမ်မှထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်သွား လာရန်နှင့် ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ သွားလာနေထိုင်သည့် အလေ့အကျင့် ကောင်းများ ဆက်လက်လိုက်နာဆောင်ရွက်စေရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံစေရန် အသိပညာပေးပြောကြားခြင်းနှင့် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များကို အခမဲ့ဖြန့်ဝေပေးခြင်းလုပ်ငန်းများကို ကိုဗစ်- ၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ထွေးချစ် ဦးဆောင်မှုဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ် ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများ ပူးပေါင်းပါဝင်သောအဖွဲ့သည် အမှတ်(၂)ရပ်ကွက်ရှိ မြို့နယ် စည်ပင်သာယာရေးဈေးနှင့် ယာယီဈေးများတွင် Mask Campaign လှုပ်ရှားမှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သူရိန်