ပခုက္ကူမြို့နယ်တွင် ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ်(၂၀) လုံး အတွက် ထောက်ပံ့ငွေပေးအပ်

ပခုက္ကူ  စက်တင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ရေလယ်သောင်ကျေးရွာနှင့်လေးလံကျွန်းကျေးရွာတို့တွင် စက်တင်ဘာလ ၈ ရက်နေ့က  ဧရာဝတီမြစ်ရေကြီးပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ်(၂၀)လုံးအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို စက်တင်ဘာလ၁၅ရက် မွန်းတည့် ၁၂နာရီခွဲအချိန်က ပခုက္ကူခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၌ ကျင်းပကြောင်း သိရသည်။

ပခုက္ကူမြို့နယ်၊ ကွန်းရွာကျေးရွာအုပ်စု၊ရေလယ်သောင်ကျေးရွာတွင် ဧရာဝတီမြစ်ရေကြီးပြီး ကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့ပြီး ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသော လူနေအိမ် (၉)လုံး၊ အိမ်ထောင်စု(၉)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ်(၉၀၀၀၀၀)၊ လူဦးရေ(၂၈)ဦးအတွက် ဆန်ရိက္ခာဖိုး ငွေကျပ်(၅၈၈၀၀)၊ လေးလံကျွန်းကျေးရွာမှ လူနေအိမ်(၁၁)လုံး၊ အိမ်ထောင်စု(၁၁)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ်(၁၁၀၀၀၀၀)၊ လူဦးရေ(၄၅)ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ်(၉၄၅၀၀)၊စုစုပေါင်းထောက်ပံ့ငွေ ကျပ်(၂၁)သိန်း ကျော်တို့အား ပခုက္ကူခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာရွှေနှင့်ဝန်ထမ်းများက ကမ်းပါးပြိုဘေးသင့်အိမ်ထောင်စုများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)