အိမ်မဲ စက်တင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် (၅၈)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အိမ်မဲမြို့နယ်ရဲတပ်ဖွဲ့မှ မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်းခဲ့ ကြသည်။
ယင်းလုပ်ငန်းများကို အိမ်မဲမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးမောင်မျိုး၊ မြို့မစခန်းမှူးဒုရဲမှူးလေးနိုင်တို့ ဦးဆောင်၍ တပ်ဖွဲ့ဝင်(၉)ဦး၊ တပ်ဖွဲ့ဝင်အမျိုးသမီး(၂)ဦး၊ မိသားစုဝင်မှီခိုရဲမေ(၅)ဦး စုစုပေါင်းအင်အား(၁၆)ဦးဖြင့် မြို့နယ်ပြည်သူ့ဆေးရုံတွင် လိုအပ်လျက်ရှိသောသွေးများကို လှူဒါန်းခဲ့ကြသည်။
“ သွေးသည်အသက်၊ အသက်သည်သွေးဆိုသည့်စကားနှင့်အညီ ကျွန်တော်တို့ ရဲတပ်ဖွဲ့တွေဟာ (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ စုပေါင်းသွေးလှူဒါန်းခြင်းဖြစ်ပါတယ်။ ပြည်သူ့အကျိုးပြု လုပ်ငန်းများကိုလည်း စက်တင်ဘာလ(၁၁)ရက်နေ့က အိမ်မဲမြို့တည်သမိုင်းဝင် ရှင်ပင်ချမ်းသာကြီးဘုရားမှာ ဆောင်ရွက်ခဲ့ပါသေးတယ်လို့” မြို့နယ်ရဲတပ်ဖွဲ့မှူး ကပြောသည်။
ချစ်သက်လယ် (အိမ်မဲ)