ကျွန်းစု စက်တင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီ အချိန်က အမှတ်(၁)ရပ်ကွက်၊ ကျွန်းစုမြို့ဆိပ်ကမ်း၌ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေး အဖွဲ့မှ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကျွန်းစုမြို့ လှေဆိပ်၌ လိုက်ပါစီးနင်းလာသော ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ပြည်သူများ ပေါ့ဆနေခြင်းမရှိစေဘဲ နေအိမ်အပြင်ပသို့ ထွက်ခွာမည်ဆိုပါက နှာခေါင်းစည်းများတပ်ဆင် အသုံးပြုနိုင်ရန်၊ လက်ကို မကြာခဏဆေးကြောရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအပြည့်ထိုးနှံခြင်း၊ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန် ရောဂါကာကွယ်ရန်၊ ပြည်သူများကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လိုက်နာကြရန် စသည်တို့ကို အသိပညာပေးခဲ့ကြပြီး နှာခေါင်းစည်း (Mask)များ အခမဲ့ဝေငှတပ်ဆင် ဖြန့်ဝေပေးခဲ့ကြသည်။
စိုးစိုးသွယ် (ကျွန်းစု ပြန်/ဆက်)