လက်ပံတန်း စက်တင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြင့် လက်ပံတန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ယမန်နေ့နံနက်ပိုင်းမှစ၍ ဈေးနှုန်းချိုသာစွာဖြင့် လှည့်လည်ကာ သတ်မှတ်နေရာများတွင် ရောင်းချပေးကြသည်။
ထိုသို့ရောင်းချပေးရာတွင် မြို့နယ်စိုက်ပျိုးရေးနှင့်ကုန်ထုတ်လုပ်မှုကြီးကြပ်မှုကော်မတီ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စာသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းကာ ကြက်ဥနှင့် ဟင်းသီးဟင်းရွက် သစ်သီးဝလံများကို ဈေးနှုန်းချိုသာစွာဖြင့် လက်ပံတန်းမြို့ မြို့မရပ်ကွက် (၁)လမ်း၊ ဘီးလင်းတန်းရပ်ကွက်၊ မအူကုန်းရပ်ကွက်နှင့် မင်းရပ် ရပ်ကွက်တို့၌ ရွေ့လျားမော်တော်ယာဉ်ဖြင့် လှည့်လည်ရောင်းချပေးကြသည်။
စာသောက်ကုန်များ ရောင်းချရာတွင် အဆင်ပြေစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဉာဏ်မြင့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)