ဓနုဖြူ စက်တင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒုတိယသုံးလပတ် (ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ)လများအတွက် လူမှုရေးပင်စင်ထောက်ပံ့ကြေးပေးအပ်ပွဲကို ယမန်နေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်က အမှာစကား ပြောပြောကြားပြီး ဓနုဖြူမြို့နယ်အတွင်းရှိ သက်ကြီးရွယ်အိုများအား တစ်ဦးလျှင် (၁)လ ၁၀၀၀၀ ကျပ်နှုန်းဖြင့် (၃)လအတွက် ငွေကျပ် ၃၀,၀၀၀ ကျပ်ကို မြို့ပေါ်(၁၈)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၆၃) အုပ်စုရှိ သက်ကြီးဘိုးဘွားများ (၁၂၀၆)ဦးတို့အတွက် စုစုပေါင်းငွေကျပ် ၃၆,၁၈၀,၀၀၀ အား ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့ထံ ပေးအပ်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)