ကျောက်ကြီး စက်တင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ် ကုန်းကျောင်းပရိယတ္တိစာသင်တိုက် ရင်ပြင်၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က စတင်ပြီး ကိုဗစ်- ၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေး Booster Dose ထပ်ဆောင်းကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံမှုအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏စီမံမှုဖြင့် ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးဝန်ထမ်းများအား တတိယအကြိမ်နှင့် စတုတ္ထအကြိမ် Booster Dose ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ပြီး၊ နောက်ရက်များတွင်လည်း ကျန်ရှိဌာနဆိုင်ရာရုံးဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်- ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေး ကော်မတီထံက သိရသည်။
မြို့နယ်(ပြန်/ဆက်)