ပေါက် စက်တင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် နံရံကပ်စာစောင်နှင့် စာအုပ်/စာစောင်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ကျင်း ပသည်။
အဆိုပါ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် နံရံကပ်စာစောင်နှင့် စာအုပ်/ စာစောင်ပြပွဲတွင် အိုဇုန်းလွှာဆိုတာဘာလဲ၊ အိုဇုန်းလွှာ၏အရေးပါမှု၊ အိုဇုန်းလွှာပျက်စီး ခြင်း၏သဘာဝအကြောင်းရင်းများ၊ အိုဇုန်းလွှာပျက်စီးစေသော ပစ္စည်းများ၊ အိုဇုန်းလွှာပျက်စီးခြင်း ကြောင့်ဖြစ်ပေါ်လာမည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာဆိုးကျိုးများ၊ အိုဇုန်းလွှာကိုကာကွယ်ရန် လူတစ်ဦးချင်းလိုအပ်သော လုပ်ဆောင်ချက်များ၊ အိုဇုန်းလွှာပြန်လည်ကောင်းမွန်လာစေရန် တစ်ကမ္ဘာလုံးမှလိုအပ်သော လုပ်ဆောင်ချက်များ၊ အကြံပြုချက်များစသည့် အသိပညာပေး အကြောင်းအရာများပါဝင်သော အချက်အလက်များ၊ စာအုပ်/စာစောင်များကို ခင်းကျင်းပြသထားရှိပြီးပြပွဲသို့ ကျောင်းသား/ကျောင်းသူများ ပြည်သူများစိတ်ပါဝင်စားစွာ လာရောက်လေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကိုရွှေယော(အညာမြေ)