လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မိုးလေဝသဆိုင်ရာအသိပညာပေးTalk Show ပြုလုပ်

ခန္တီး စက်တင်ဘာလ ၁၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများအနေဖြင့် အများပြည်သူ အသိပညာပြန့်ပွားရေးအတွက် အသိပညာပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် ပူးပေါင်း၍ မိုးလေဝသဆိုင်ရာ အသိပညာပေး Talk Show ကို လူထုခြပြုဗဟိုဌာန Community Centre ခန်းမအတွင်း ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသီဟထက်အောင်က Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ခန္တီးဒေသနှင့် သက်ဆိုင်သည့် ရာသီဥတုအခြေအနေ၊ မိုးရွာသွန်းမှုအခြေအနေ နှင့်ချင်းတွင်းမြစ်ရေအခြေအနေများအား မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဦးချစ်ထွေးထွန်းက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)