လောင်းလုံး မြို့နယ်၊ လူအခြေပြုဗဟိုဌာန Community Centre တွင် စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ဆောင်ရွက်

လောင်းလုံး  စက်တင်ဘာ ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ​ကျောင်းသား၊ ကျောင်းသူများ ကျောင်းပိတ်ရက်တွင် အချိန်များ အလဟသမဖြစ်စေရေးနှင့် စာကြည့်တိုက်သို့ အမြဲလာရောက်၍ စာပေဖတ်ရှုသည့် အလေ့အကျင့်များ ရရှိစေရန်ရည်ရွယ်၍ ယနေ့မွန်းလွဲ ၁ နာရီအချိန်တွင် စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ ဟောပြောပွဲ၊ စာအုပ် စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိန်းသိန်းက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ အသိပညာပေးဟောပြော၍ ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားကာ စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ကျောင်းသား၊ သူများက ပါဝင်ယှဉ်ပြိုင်ကာ ဦးစီးအရာရှိက  အမှတ်တရပစ္စည်းလက်ဆောင်များ ပေးအပ်ခဲ့၍ စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်အား ပြသကာ ကျောင်းသား၊ သူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုခဲ့ကြာင်း သိရသည်။

သိန်းသိန်း (လောင်းလုံး)