ပုလောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေး  Mask Campaign ပြုလုပ်

ပုလော  စက်တင်ဘာလ   ၁၆

တနင်္သာရီတိုင်းဒေသကြီးမြိတ်ခရိုင်ပုလောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေး Mask Campaign ကို ယနေ့နံနက် ၉ နာရီက ပုလောမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါသည် နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံအချို့တွင် ဖြစ်ပွားမှု များပြား လျက်ရှိပြီး မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုးများကို ပြည်ပမှ ဝင်ရောက်လာသူများ နှင့်ပြည်တွင်း ကူးစက်ခံရသူများတွင် တွေ့ရှိရပြီး၊ ယခုရက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ဖြစ်ပွား လျက်ရှိရာ ပုလောမြို့နယ်ရှိ ပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ နှင့် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရန် အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို တိကျစွာ လိုက်နာဆောင်ရွက်နိုင်ရန် အသိပညာပေးခဲ့ပြီး နှာခေါင်းစည်း Mask တပ်ဆင်သွားလာကြရန် Mask များ ဝေငှခဲ့သည်။

အဆိုပါ Mask Campaign တွင် ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ  ဦးခင်မောင်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ထွေအုပ်ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ် ပညာရေးဌာန၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးတို့ပူးပေါင်း၍  Mask များကို အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရ သည်။

အေးအေးမော်(ပုလော)