အထက်မင်းလှ စက်တင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလ အတွင်း ညမထွက်ရ ထုတ်ပြန်ခြင်း အမိန့်ကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စက်တင်ဘာ(၁၄)ရက် နေ့တွင် ထုတ်ပြန်ခဲ့ရာ မြို့နယ်အတွင်းရှိ ပြည်သူများ သိရှိလိုက်နာ စေရန် အတွက် သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ က ယမန်နေ့ညနေ (၆)နာရီခန့်က အသိပေးနှိုးဆော်ခဲ့သည်။
အဆိုပါ အမိန့်ကြေညာချက်တွင် မင်းလှမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရာဂါ ကူးစက်ခံရမှုမရှိ စေရေးနှင့် အချိန်မီ ထိန်းသိမ်းနိုင်ရေးအတွက် အရေးပေါ်ကိစ္စပေါ် ပေါက်ပါက သက်ဆိုင်ရာ၏ ခွင့်ပြုချက်ဖြင့် သာသွားလာရန် "၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၁၅ ရက် နေ့မှစ၍ နေ့စဉ် ည ၁၂ နာရီမှ နံနက် ၄ နာရီအချိန်ထိ ညမထွက်ရအမိန့်" အား ပြည်သူများသိရှိလိုက်နာနိုင်စေရန်နှင့်လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)