ကျိုက်လတ်၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ကျိုက်လတ် စက်တင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် အမှတ်(၄)ရပ်ကွက်၊ (၁၀)ဖြတ်လမ်း၊ ဦးပြုံးချိုလမ်းနှင့် ကန်တော်ကြီးလမ်းကြား ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား တာဝန်ရှိသူများက ယနေ့နံနက် (၁၀)နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ်ကျေး/ဖွံ့ဦးစီးဌာန၊ မြို့နယ်ကျေးလက်/လမ်း ဦးစီးဌာနများမှ တာဝန်ရှိသူများနှင့်အတူ ကျိုက်လတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း လုပ်ငန်းဖြစ်သည့် (၁၀)ဖြတ်လမ်း (ဦးပြုံးချိုလမ်းနှင့် ကန်တော်ကြီးလမ်းကြား) ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များအား မှာကြားခဲ့ကြောင်း သိရသည်။ အဆိုပါ ကွန်ကရစ်လမ်း (အရှည်-၉၆၅ ပေ ၊ အကျယ်-၁၆ ပေ၊ ထု-၆ လက်မ)ကို တင်ဒါအောင် Napolian ကုမ္ပဏီက (၁၂-၉-၂၀၂၂) ရက်နေ့က စတင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ကျိုက်လတ်(ပြန်/ဆက်)