ပွင့်ဖြူ စက်တင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားသောက်ရေး အထောက်အကူပြုစေရန်အတွက် ရည်ရွယ်၍ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စလင်းတပ်နယ်မှ အခြေခံစားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်မျိုးစုံအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးဝန်းရှေ့တွင် ပြုလုပ်သည်။
ထိုသို့ ရောင်းချပေးရာတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စလင်းတပ်နယ်မှ တပ်မတော်သားများက မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများကို ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း စားသောက်ရေး အထောက်အကူပြုစေရန်အတွက် အခြေခံစားသောက်ကုန်များနှင့် ဟင်းသီးဟင်းရွက်မျိုးစုံတို့ကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးရာ ဆန်(၁)ပြည်လျှင် ငွေကျပ် ၁၅၀၀၊ ဆီ တစ်ပိဿာလျှင် ငွေကျပ် ၆၀၀၀၊ ကြက်ဥတစ်လုံးလျှင် ငွေကျပ် ၁၇၀၊ ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ် ၃၃၀၀၊ ကြက်သားတစ်ပိဿာလျှင် ငွေကျပ် ၆၅၀၀၊ ဆိတ်သားတစ်ပိဿာလျှင် ငွေကျပ် ၁၃၀၀၀၊ အမဲသားဆီသွပ်ဘူး တစ်ဘူးလျှင် ငွေကျပ် ၆၂၀၀၊ ပဲငပိကြော်တစ်ဘူး ငွေကျပ် ၁၂၀၀၊ ပဲထောပတ်တစ်ဘူး ငွေကျပ် ၂၅၀၀ ၊ ကြက်/အာလူး တစ်ဘူး ငွေကျပ် ၄၅၀၀ ၊ သျှမ်းစားတော်ပဲတစ်ဘူး ငွေကျပ် ၂၅၀၀နှင့် ဟင်းသီးဟင်းရွက်မျိုးစုံကို သက်သာသောဈေးနှုန်းဖြင့် အဆင်ပြေစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စားကုန်များနှင့် ဟင်းသီးဟင်းရွက်မျိုးစုံအား သက်သာသော ဈေးနှုန်းဖြင့် အဆင်ပြေစွာ ရောင်းချပေးသဖြင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများက တစ်ခဲနက်လာရောက် ဝယ်ယူအားပေးကြ၍ ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)