တမူးမြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ပြုလုပ်ကျင်းပ

တမူး စက်တင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို စက်တင်ဘာလ (၁၆) ရက်နေ့နံနက်( ၉) နာရီအချိန်က အမှတ်(၂)အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် တမူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်က လူငယ်နှင့် ရည်မှန်းချက်၊  လူငယ်နှင့်စာပေ၊ အနာဂတ်တွင် တိုင်းပြည်အတွက် အားထားရမည့် လူငယ်များ ဖြစ်လာစေရေးအတွက် စာအုပ်စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ စာပေကိုချစ်မြတ်နိုး တန်းဖိုးထားတတ်စေရန် စသည့်အကြောင်းအရာများကိုလည်းကောင်း ဦးစီးအရာရှိ ဒေါ်သန်းထိုက်အောင်က လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်များဖြင့် လည်းကောင်း ဟောပြောခဲ့ကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ ကျောင်းသူများ ဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များပြသပေးခြင်း၊ ငှားရမ်းပေးခြင်းများဆောင်ရွက်ခဲ့ကြပြီး ကျောင်းစာကြည့်တိုက်အတွက် သုတ၊ ရသစာအုပ်များ လှူဒါန်းပေးခဲ့ရာ ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်ဝင်းက လက်ခံရယူခဲ့ကြောင်း သိရသည်။

ရတနာ (ပြန်/ ဆက်)