အောင်လံ စက်တင်ဘာလ ၁၆
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းကို ယမန့်နေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အောင်လံခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်က ရပ်ရွာအခြေပြု လူကုန်ကူးမှုတားဆီးကာကွယ်ရေး ရက်တိုသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အောင်လံမြို့မစခန်းမှူး ဒုရဲမှူး သိန်းနိုင်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ပတ်သက်သည့် ပြစ်မှုနှင့်ပြစ်ဒဏ်အကြောင်းအား အသေးစိတ်ရှင်းလင်းပြောကြားပြီး ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးတင်ဆန်းဝေက လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်ပတ်သက်သည့် ဥပဒေအကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါသင်တန်းသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မျိုးသိန်း (ပြန်/ဆက်)