ညောင်တုန်းမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ညောင်တုန်း စက်တင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမ၌ ကိုဗစ်- ၁၉ ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း mask များ တပ်ဆင်ရန်၊ လက်ကိုမကြာခဏ ဆေးရန်နှင့်၊ ကိုဗစ်ကာကွယ်ရေး နည်းလမ်းများ အတိုင်း၊လိုက်နာကျင့်သုံးကြရန်၊ ကိုဗစ်ကာကွယ်ဆေးကိုလည်း အကြိမ်ပြည့်ထိုးနှံကြရန်၊ ကာကွယ်ဆေး မပျက်မကွက်ထိုးနှံရေး အကြောင်းအရာများကို လည်းကောင်း မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင် ဦး‌မြင့်ဟန်က လူငယ်များ သိသင့်သိထိုက်သည့် အထွေထွေဗဟုသုများကို လည်းကောင်း စသည့် လူငယ်လူရွယ်များနှင့် ပတ်သက်သည့် လူငယ်ရေးရာ အသိပညာပေး အကြောင်းအရာများကို ဟောပြောခဲ့ပြီး ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး နံရံကပ်စာစောင်၊ မြို့နယ်လှုပ်ရှားမှု ဓာတ်ပုံပြပွဲများ၊ စာအုပ်ပြပွဲများပြသရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုမှတ်သားခဲ့သည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ အ.မ.က(ခေမာဝတီကျောင်း)မှ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ဦးစီးအရာရှိနှင့် ဝန်ထမ်းများက mask များ၊ မုန့်နှင့် အအေးများကို ဝေငှပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)