နတ်မောက် စက်တင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်ရှိ အခြေခံပညာကျောင်းများကို ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်ခွင့်ရရှိ၍ လုပ်ငန်းများဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေဖြင့် နတ်မောက်မြို့နယ်တွင် ခွင့်ပြုသည့် လုပ်ငန်းသစ်များမှာ အန္တရာယ်ဆောင်များ ဖျက်သိမ်း၍ အသစ်ဆောက်လုပ်ခြင်းလုပ်ငန်း၊ ကျောင်းသားဦးရေအရ ကျောင်းဆောင်သစ် တိုးချဲ့ဆောက်လုပ်ခြင်းလုပ်ငန်းဟူ၍ လုပ်ငန်းသစ်(၂)မျိုး ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အန္တရာယ်ဆောင်များ ဖျက်သိမ်း၍ အသစ်ဆောက်လုပ်သည့် ကျောင်းများမှာ အ.လ.က(ခွဲ)ဝံကိုက် ငွေကျပ် ၇၈.၉၇၅သန်း၊ အ..လ.ကတောင်ဦး(မ) ငွေကျပ် ၉၉.၉၀၀သန်း၊အ.လ.က(ခွဲ)သာယာကုန်း ငွေကျပ် ၇၈.၉၇၅သန်း ၊ အ.လ.က(ခွဲ)ပေါက်ကန် ငွေကျပ် ၇၈.၉၇၅သန်း၊ အ.လ.ကရေယို ငွေကျပ် ၇၈.၉၇၅သန်း၊ မူလွန်ဆီဆုံကုန်း ငွေကျပ် ၅၂.၆၅၀ သန်း၊ အ.ထ.က(ခွဲ) ဖက်တောရေ ငွေကျပ် ၇၈.၉၇၅သန်း၊ အ.ထ.ကတက်ဝန် ငွေကျပ် ၂၇၉.၃၉၆ သန်း ၊ အ..ထ.က(ခွဲ) ပိတောက်ငုတ်ရွာကြီး ငွေကျပ် ၇၈.၉၇၅ သန်းဖြစ်ကြောင်း၊ ကျောင်းသားဦးရေအရ ကျောင်းဆောင်သစ် တိုးချဲ့ဆောက်လုပ်သည့် ကျောင်းများမှာ အ.မ.က လင်းကတိုး ငွေကျပ် ၇၈.၉၇၅သန်း၊ အ..ထ.က(ခွဲ)သရက်ချဉ် ငွေကျပ် ၁၀၅.၃၀၀သန်း၊ အ.လ.က တမလန်းပင်ငွေကျပ် ၇၄.၉၂၅ သန်း၊ အ.လ.က ရှမ်းကုန်း (ဆင်သေကန်ရွာအနီး) ငွေကျပ် ၇၈.၉၇၅ သန်း ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နတ်မောက်မြို့နယ်အတွင်း ပြည်ထောင်စုရန်ပုံငွေမှ ကျောင်းပေါင်း (၁၃)ကျောင်းအတွက် ကျောင်းဆောင်သစ်များ ဆောက်လုပ်ရန် ခွင့်ပြုခဲ့ရာ အဆိုပါတည်ဆောက်ရေးလုပ်ငန်းများကို စိန်ရတနာဖြိုးကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့ပြီး ပစ္စည်းများ စုပုံခြင်း၊ လိုင်းကျင်းတူးခြင်းများ ဆောင်ရွက်နေပြီဖြစ်ကြောင်းသိရသည်။
မူမူစန်း