ဘားအံ စက်တင်ဘာ ၁၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေးနှင့် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ဥပဒေများ၊ ပြစ်မှု၊ ပြစ်ဒဏ်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် “ကလေးအလုပ်သမား ပပျောက်ရေးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ” ခေါင်းစဉ်ဖြင့် ဥပဒေရေးရာ အသိပညာပေး ဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲ Talk Show တွင် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် ကို ရှင်းလင်းပြောကြားပြီး ကရင်ပြည်နယ်ဥပဒေချုပ်ရုံးမှ လက်ထောက်ပြည်နယ် ဥပဒေအရာရှိ ဒေါ်နန်းယိန်းဆိန်ဖောင်က ကလေးဆိုသည့် စကားရပ်၊ ကလေးအလုပ်သမားများကို မခိုင်းစေရန် ဥပဒေအရ ပြဌာန်းထားသည့် လုပ်ငန်းများ၊ ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေပါ တားမြစ်ချက်များ၊ ကလေးငယ်များကို ခိုင်းစေသည့်အခါ သတ်မှတ်ထားသည့် စည်းကမ်းချက်များ၊ ၂၀၁၆ ခုနှစ်၊ ဆိုင်များနှင့် အလုပ်ဌာနများအက်ဥပဒေပါ ကလေးအလုပ်သမားနှင့် ပတ်သက်သော တားမြစ်ချက်များ၊ ကလေးငယ် များအား အလုပ်မခိုင်းရသည့် အချိန်အပိုင်းအခြားများ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပါ ကလေးနှင့် သက်ဆိုင်သော တားမြစ်ချက်များနှင့် ပြဌာန်းချက်များ စသည့်အကြောင်းများကို အသိပညာပေး မျှဝေဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင်အနေဖြင့် အသိပညာပေးဆွေးနွေးပွဲ Talk Show များကို Online မှတစ်ဆင့် ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ စဉ်ဆက်မပြတ် ရိုက်ကူးတင်ဆက်ပေး လျက်ရှိကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)