အင်္ဂပူ စက်တင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်ရှိ အ-ထ-က(ခွဲ) နောက်မီးကျောင်းတွင် ယနေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းပြုလုပ်ကျင်းပသော လူငယ်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဟော ပြောပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီသီရှိန်က စာပေဖတ်ခြင်းဖြင့် အသိပညာတိုးပွားရေးတို့အား လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ မြို့နယ် အားကစားနှင့်ကာယာပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးအေးမင်းခိုင်မှ အားကစားနဲ့ လူငယ်အကြောင်းကို လည်းကောင်း၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးဘိုဘိုက စားသုံးသူအခွင့်အရေးနှင့် တာဝန်များကို လည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နှင်းန္ဒာဝင်းက သဘာဝဘေးအန္တရာယ်များ အကြောင်းကို လည်းကောင်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေဇင်ရတနာမှ လူမှု့ဝန်ထမ်းဦးစီး ဌာနအကြောင်းအား လည်းကောင်း၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနမှ လက်ထောက်ဆေးခန်းမှူး ဒေါ်သဇင်ဝင်းက သတိပြုရန် မှန်လေးမှန် အကြောင်းတို့အား အသိပညာပေး ဟောပြောခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးလှထွဋ်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အ-က(ခွဲ)နောက်မီးကျောင်းအတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်ပေးခြင်းနှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ် စာစောင်များ ပြသပေးခဲ့သည်။
မန်းကျော်(ပြန်/ဆက်)