မအူပင်ခရိုင်တွင် မီးသတ်ဦးစီးဌာန၏ ရှာဖွေကယ်ဆယ်ရေးသင်တန်း အတွေ့အကြုံများ ဆွေးနွေးပွဲဆောင်ရွက်

မအူပင် စက်တင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်တွင် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း (၁/၂၀၂၂)ကို ဖွင့်လှစ်ခဲ့ပြီးသင်တန်းတွင် စာတွေ့လက်တွေ့ သင်ကြားပို့ချမှုများကို သင်တန်းသားများနှင့် ပြန်လည်ဆွေးနွေးပွဲကို စက်တင်ဘာ ၁၄ ရက်နေ့ နံနက် (၁၀)နာရီအချိန်က ခရိုင်မီးသတ်ဦးစီးဌာနခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်း၊ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမိုးထွန်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးဌေးနှင့် ခရိုင်အတွင်းရှိ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူမြို့နယ်များက မြို့နယ်ဦးစီးမှူးများ၊ သင်တန်းသားများ တက်ရောက်ဆွေးနွေးခဲ့ကြောင်းသိ ရသည်။

ခရိုင်(ပြန်/ဆက်)